ဝန်ထမ်းတွေ တကယ်အဆုံးထိသင်ဖြစ်တဲ့ အင်္ဂလိပ်စာသင်တန်း။
Tutoro နဲ့ဆို ဝန်ထမ်းတိုင်းမှာ ကိုယ်ပိုင် AI အင်္ဂလိပ်စာဆရာ ရှိပြီ။ တစ်ဦးချင်း သင်ပေးတဲ့ ဆရာနဲ့ သင်ရသလို အရည်အသွေးကောင်းတဲ့ သင်ခန်းစာတွေကြောင့် နေ့တိုင်း ပြန်လေ့လာချင်လာမယ်။
စသုံးမယ်
ဒီမိုကြည့်ဖို့ အချိန်ချိန်းမယ်
တစ်ယောက်ကို တစ်လ $9 ကစပြီး သုံးနိုင်ပြီ။ အချိန်မရွေး စာရင်းသွင်းမှု ပယ်ဖျက်နိုင်တယ်။
Tutoro နဲ့ ဘယ်လိုသင်ကြမလဲ · 2 မိနစ်
ဘယ်လိုသုံးရလဲ ကြည့်မယ်
ဗီဒီယိုပိတ်မယ်
အဆင့်တက်သွားပြီ
A1 → A2
+ 138 XP
အခုထိ အကောင်းဆုံးနေ့
တစ်ဦးချင်းပြိုင်ပွဲမှာ နိုင်ပြီ
3 ချီ - 1 ချီနဲ့ အနိုင်ရ
နေ့စဉ်လုပ်စရာတွေ အကုန်ပြီးပြီ
3 / 3
ရက် 30 ဆက်တိုက် Streak
တစ်ရက်မှ မပျက်ခဲ့ဘူး
+ 250 ဒင်္ဂါး
အပတ်စဉ် အပိုဆု
အဆင့်တက်သွားပြီ
A2 → B1
လိဂ်မှာ ထိပ်ဆုံးရောက်ပြီ
30 ယောက်ထဲမှာ အဆင့် 1
ဆရာအသစ်နဲ့ သင်လို့ရပြီ
Katie
အားလုံးမှန်တယ်
12 ခုမှာ 12 ခုလုံး မှန်တယ်
သင်ခန်းစာအပိုင်း ပြီးသွားပြီ
ခရီးသွားခြင်း
ပထမဆုံး ဝါကျအပြည့် ပြောနိုင်ပြီ
အသံထွက်ပြောပြီးပြီ
သင်ခန်းစာ ငါးခု ဆက်တိုက်ပြီးသွားပြီ
တစ်ထိုင်တည်း
ဝတ်စုံအသစ် ရပြီ
5 000 သုံးခဲ့တယ်
အဆင့်တက်သွားပြီ
B1 → B2
အပြောစွမ်းရည် စစ်ဆေးမှု အောင်ပြီ
ဒုတိယအကြိမ်မှာ
ကုမ္ပဏီတွေ ယုံကြည်အားထားတဲ့ Tutoro
500
+
ကုမ္ပဏီများ
Tutoro နဲ့ ဝန်ထမ်းတွေကို အင်္ဂလိပ်စာ သင်ပေးနေပါတယ်
1M
+
ဝန်ထမ်းများ
နေ့တိုင်း သင်ယူနေကြတယ်
87
%
အသုံးပြုနေသူများ
ရက် 90 ကြာတဲ့အထိ ဆက်လေ့ကျင့်နေကြပါတယ်
Northbeam
ALTAVIA
Quadra
helioworks
Verado
Tutoro နဲ့ ကိုယ့်ကုမ္ပဏီအတွက် ဘာတွေရမလဲ
ဖုန်းနဲ့ တစ်နေ့ 15 မိနစ်ပဲ လေ့ကျင့်ရုံပါ။ သင်တန်းချိန် ညှိစရာလည်း မလိုဘူး။ ဒီလောက်နဲ့ ကိုယ့်လုပ်ငန်းအတွက် ဘာတွေ အကျိုးရှိလာမလဲ ကြည့်လိုက်ပါ။
အရောင်းအဝယ်ဖြစ်အောင် ကူညီပေးမယ့် အင်္ဂလိပ်စာ
အမှုဆောင်အရာရှိ 49% က ဆက်သွယ်ပြောဆိုရာမှာ နားလည်မှုလွဲလို့ နိုင်ငံတကာ စီးပွားရေးသဘောတူညီချက် ပျက်ခဲ့ဖူးတယ်လို့ ပြောကြတယ်။ Tutoro နဲ့ ကိုယ့်ဝန်ထမ်းတွေရဲ့ အင်္ဂလိပ်စာစွမ်းရည်ကို မြှင့်တင်ပါ။ ကိုယ်ပိုင်ဆရာနဲ့သင်တာထက် ကုန်ကျစရိတ် 50 ဆအထိ သက်သာနိုင်ပါတယ်။
ဝန်ထမ်းတွေ မပျက်မကွက် သင်ချင်တဲ့သင်တန်း
AI နဲ့ လေ့ကျင့်တဲ့အခါ ဆရာနဲ့ သင်တာထက် အင်္ဂလိပ်စကားပြော ပိုတိုးတက်လာတယ်။ Tutoro က နေ့တိုင်းလေ့ကျင့်ဖြစ်အောင် ကူညီပေးပြီး ဂိမ်းလို ပျော်ပျော်ပါးပါး သင်ယူရတာကြောင့် ဝန်ထမ်း 88% က ပိုပျော်လာကြတယ်။
ဝန်ထမ်းတွေရဲ့ အရည်အချင်းမြှင့်ပါ၊ လူသစ်ခန့်စရိတ် လျှော့ပါ
သင်ယူမှုကို အားပေးတဲ့ ကုမ္ပဏီတွေမှာ ဝန်ထမ်းတွေ ဆက်နေတဲ့နှုန်း 57% ပိုမြင့်ပြီး ကုမ္ပဏီတွင်း တခြားရာထူးတွေကို ပြောင်းရွှေ့လုပ်ကိုင်မှုကလည်း 23% ပိုများတယ်။ ဒါကြောင့် ပြင်ပကနေ လူသစ်ခန့်ဖို့ လိုအပ်ချက် နည်းလာမယ်။
တခြားနည်းလမ်းတွေနဲ့ ယှဉ်ကြည့်ရင်
Tutoro က ဘာလို့ ပိုကောင်းတာလဲ?
ဝန်ထမ်းတွေ အဆင်ပြေတဲ့အချိန် သင်နိုင်တယ်။ စီစဉ်ပေးရတာလည်း သက်သာပြီး ကုန်ကျစရိတ်ကို ကြိုတွက်ထားလို့ရတယ်။
ရွေးထားတဲ့ အစီအစဉ်နဲ့ ဝန်ထမ်းအရေအတွက်ပေါ်မူတည်ပြီး ဈေးနှုန်းကွာနိုင်ပါတယ်
အုပ်စုလိုက်သင်တန်းများ
တစ်ဦးချင်းသင်ပေးတဲ့ ဆရာ
Tutoro
ဝန်ထမ်းတစ်ယောက်အတွက် ကုန်ကျစရိတ်
တစ်လ $180 မှ $320
တစ်နာရီ $40 မှ $120
တစ်လကို $9 ကနေစမယ်
သင်ယူချိန်ဇယား
သတ်မှတ်ထားတဲ့အချိန်မှာ တက်ရမယ်
သင်ချိန်ကို ကြိုတင်ချိန်းထားရတယ်
15 မိနစ်ပဲ အားလည်း သင်လို့ရတယ်။ အဆင်ပြေတဲ့အချိန် သင်လိုက်ပါ။
တစ်ဦးချင်းအလိုက် သင်ကြားမှုနဲ့ သင်ယူလိုစိတ်
အုပ်စုတစ်ခုလုံး သင်နှုန်းတူတူ လိုက်သင်ရပြီး ဂိမ်းပုံစံလေ့ကျင့်ခန်း နည်းတယ်
ကိုယ့်လိုအပ်ချက်နဲ့ ဘယ်လောက်ကိုက်အောင် သင်ပေးလဲဆိုတာ ဆရာပေါ် မူတည်တယ်
ဝန်ထမ်းတစ်ယောက်ချင်းစီရဲ့ အဆင့်နဲ့ ရည်မှန်းချက်အလိုက် သင်ခန်းစာတွေကို ညှိပေးတယ်။ ဂိမ်းလို လေ့လာရလို့ ဆက်သင်ချင်စိတ်လည်း ရှိနေမယ်။
HR အတွက် တိုးတက်မှုအချက်အလက်
တက်ရောက်မှုအပေါ် အခြေခံတဲ့ အစီရင်ခံစာများ
ဝန်ထမ်းတွေ ဘယ်လောက်တိုးတက်လာလဲဆိုတာ HR က သိရခဲတယ်
အချိန်နဲ့တစ်ပြေးညီ ကြည့်နိုင်တဲ့ဒက်ရှ်ဘုတ်နဲ့ တိုးတက်မှုအစီရင်ခံစာတွေ
ကုမ္ပဏီတစ်ခုလုံးအထိ တိုးချဲ့သင်ကြားမှု
အတန်းတွေများလာလေ၊ ညှိနှိုင်းရတာ ပိုများလေ
ဝန်ထမ်းတစ်ယောက်တိုးတိုင်း ကုန်ကျစရိတ်နဲ့ စီစဉ်ရတဲ့အလုပ် ပိုများလာတယ်
ဝန်ထမ်းအားလုံး သင်ယူနိုင်အောင် အလွယ်တကူ တိုးချဲ့ပေးနိုင်တယ်
ဘယ်လိုစရမလဲ
ဘယ်လို စသုံးမလဲ
လိုသလောက် အသုံးပြုခွင့်တွေ ကိုယ်တိုင်ဝယ်ပြီး ဝန်ထမ်းတွေကို ဖိတ်လိုက်ပါ။ အဲဒီနေ့ နေ့လယ်မှာပဲ အားလုံး စလေ့ကျင့်နိုင်ပြီ။
သင်ယူမယ့် လူဦးရေကို ရွေးပါ
ဝန်ထမ်း ဘယ်နှယောက်အတွက် ဘယ်လောက်ကြာကြာ သုံးမလဲ ရွေးလိုက်ပါ။
ဝန်ထမ်းတွေကို ဖိတ်ခေါ်ပါ
အီးမေးလ်လိပ်စာစာရင်းကို ကူးထည့်လိုက်ပါ။ ဒါမှမဟုတ် ဝင်ရောက်ဖို့ လင့်ခ်တစ်ခုကို အားလုံးဆီ မျှဝေပေးလိုက်ပါ။
အင်္ဂလိပ်လို စပြောကြပြီ
လင့်ခ်ကို တစ်ချက်နှိပ်လိုက်တာနဲ့ ပထမဆုံးသင်ခန်းစာကို ချက်ချင်း စလေ့လာနိုင်ပြီ။
တိုးတက်မှုကို စောင့်ကြည့်ပါ
Streak၊ တစ်ပတ်အတွင်း လေ့လာမှုနဲ့ အဆင့်တိုးတက်မှုကို မျက်နှာပြင်တစ်ခုတည်းမှာ ကြည့်နိုင်တယ်။
မပြတ်လေ့လာမှု
ဝန်ထမ်းတွေ ဘာလို့ လမ်းတစ်ဝက်မှာ မရပ်ကြတာလဲ?
ကိုယ်တိုင် အသံထွက်ပြောရတဲ့ တကယ့်သင်ခန်းစာ
ကိုယ်ကပြော၊ ဆရာက ပြန်ဖြေပြီး ရှင်းပြပေးမယ်။ စကားပြောရင်းနဲ့ လေ့ကျင့်ခန်းတွေလည်း ပေးသွားမယ်။
ဘယ်လိုအခြေအနေအတွက်မဆို လေ့ကျင့်
အလုပ်အင်တာဗျူးဖြေတာ၊ ဆရာဝန်နဲ့ တွေ့တာ၊ စွန့်စားခန်းဇာတ်လမ်းထဲ ပါဝင်တာတွေကို လေ့ကျင့်ကြည့်ပါ။ ကိုယ်တိုင်စိတ်ကူးထားတဲ့ အခြေအနေကိုလည်း ရေးထည့်နိုင်တယ်။
ဘယ်သူနဲ့ စကားပြောမလဲ ကိုယ်တိုင်ရွေးလိုက်
လေယူလေသိမ်းရော၊ စရိုက်ပါ မတူတဲ့ ဆရာတွေရှိတယ်။ ကိုယ်နဲ့ စကားပြောလို့အဆင်ပြေမယ့်သူကို ရွေးလိုက်။
ဘာတွေပြင်ဖို့လိုလဲ တန်းသိမယ်
သင်ခန်းစာတစ်ခုပြီးတိုင်း ကိုယ့်အမှတ်တွေနဲ့ ခဏခဏမှားနေတဲ့အချက်တွေကို ပြန်ကြည့်လိုက်။
သင်ပြီးရင် မမေ့တော့မယ့် စကားလုံးတွေ
မေ့တော့မယ့် စကားလုံးတွေကို ဂိမ်းတိုလေးတွေထဲမှာ ပြန်လေ့ကျင့်ရမယ်။ သေချာမှတ်မိသွားတဲ့အထိပေါ့။
ဆွဲကြည့်နေရုံမဟုတ်၊ တစ်ဆင့်ချင်း ရှေ့ဆက်
သင်ခန်းစာတစ်ခုပြီးတိုင်း မြေပုံပေါ်မှာ ရှေ့တစ်ဆင့်တိုးမယ်။ ကမ္ဘာတစ်ခုကို ပြီးအောင်သင်လိုက်ရင် နောက်ကမ္ဘာတစ်ခု ပွင့်လာမယ်။
အရည်အချင်းရော၊ အဆင့်ပါ တက်မယ်
ကိုယ့်ဇာတ်ကောင်ကို ဖန်တီးလိုက်ပါ။ သင်ခန်းစာတစ်ခုပြီးတိုင်း ဇာတ်ကောင်အဆင့်တက်လာပြီး ပိုမြင့်တဲ့လိဂ်တွေဆီ တက်လှမ်းမယ်။
HR အတွက်
ဝန်ထမ်းတွေ တကယ်သုံးဖြစ်ရဲ့လားလို့ ခန့်မှန်းနေစရာ မလိုတော့ဘူး
ဘယ်သူတွေ လေ့လာနေတယ်၊ ဘယ်လောက် တိုးတက်လာတယ်၊ အင်္ဂလိပ်စာအဆင့် ဘယ်လောက်ရှိတယ်ဆိုတာ ဒက်ရှ်ဘုတ်တစ်ခုတည်းမှာ အကုန်ကြည့်နိုင်တယ်။ တစ်ယောက်ချင်း လိုက်မေးနေစရာ မလိုတော့ဘူး။
ဝန်ထမ်းတွေရဲ့ လေ့လာမှု
နောက်ဆုံး 30 ရက် · နမူနာဒေတာ
အသုံးပြုနေတဲ့ အကောင့်များ
ဝယ်ထားတဲ့ အသုံးပြုခွင့်တွေထဲက အပတ်စဉ် ဘယ်နှယောက် တကယ်သုံးနေသလဲ ကြည့်နိုင်တယ်
ဝန်ထမ်းတစ်ယောက်ချင်းစီရဲ့ အင်္ဂလိပ်စာအဆင့်
CEFR စံနှုန်းအရ A1 ကနေ C1 အထိ ဖော်ပြပေးပြီး သင်ယူရင်း တိုးတက်လာသလို အဆင့်ကိုလည်း အပ်ဒိတ်လုပ်ပေးတယ်။
ဝန်ထမ်းတစ်ဦးချင်းရဲ့ သင်ယူမှုမှတ်တမ်း
တစ်ပတ်အတွင်း လေ့လာခဲ့တဲ့မိနစ်၊ ပြီးခဲ့တဲ့သင်ခန်းစာတွေနဲ့ Streak
ဘဏ္ဍာရေးဌာနအတွက် အစီရင်ခံစာ အမြဲအသင့်
မျက်နှာပြင်ပေါ်မှာ မြင်ရတဲ့ဒေတာအတိုင်း CSV ဖိုင် ထုတ်ယူလိုက်ပါ။
Tutoro က ဘယ်သူတွေအတွက် သင့်တော်လဲ
အင်္ဂလိပ်စာ နည်းနည်းပိုတတ်လာရုံနဲ့ နေ့စဉ်အလုပ်တွေ ပိုအဆင်ပြေလာမယ့်သူတွေအတွက်။
စတင်မယ်
ဖောက်သည်ဝန်ဆောင်မှုအဖွဲ့များ
အရောင်း
အင်ဂျင်နီယာလုပ်ငန်း
ဟိုတယ်နဲ့ စားသောက်ဆိုင်လုပ်ငန်း
လက်လီအရောင်း
ကျန်းမာရေးစောင့်ရှောက်မှု
ဈေးကွက်ရှာဖွေရေး
လက်တွေ့အောင်မြင်မှုများ
ကုမ္ပဏီ သုံးခုမှာ ဘာတွေပြောင်းလဲသွားလဲ
အရင်က ဝန်ထမ်းတွေ အင်္ဂလိပ်စာ ဆက်လေ့လာချင်အောင် အတော်အားထုတ်ရတယ်။ Tutoro နဲ့ကျတော့ ပျော်ပျော်ရွှင်ရွှင် လေ့လာကြပြီး လမ်းတစ်ဝက်မှာလည်း မရပ်ကြတော့ဘူး။ ကုမ္ပဏီကပေးတဲ့ တန်ဖိုးရှိတဲ့ အကျိုးခံစားခွင့်လို့လည်း မြင်ကြတယ်။ ဝန်ထမ်းတွေရဲ့ အလုပ်အပေါ် ကျေနပ်မှုလည်း ပိုကောင်းလာတယ်။
ဝန်ထမ်းရေးရာဌာန အကြီးအကဲ
Northbeam
အခု ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုဝန်ထမ်းတွေက နိုင်ငံခြားဖောက်သည်တွေနဲ့ ပိုယုံကြည်မှုရှိရှိ ပြောဆိုနိုင်လာပြီ။ ပြဿနာရှိရင်လည်း အထက်လူကြီးဆီ လွှဲပေးရတာ နည်းလာတယ်။ ပိုရှင်းရှင်းလင်းလင်း ဆက်သွယ်နိုင်ပြီး ကိုယ့်အားကိုယ်ကိုး ဖြေရှင်းနိုင်လာလို့ ဖောက်သည်တွေလည်း ပိုကောင်းတဲ့ ဝန်ဆောင်မှု ရလာတယ်။
ဖောက်သည်ဝန်ဆောင်မှုအဖွဲ့ခေါင်းဆောင်
Altavia
အခုတော့ သင်တန်းအတွက် သုံးထားတဲ့ငွေက ဘယ်လောက်အကျိုးရှိလဲဆိုတာ ရှင်းရှင်းလင်းလင်း မြင်ရပြီ။ Tutoro ရဲ့ စာရင်းအချက်အလက်တွေကြောင့် ဝန်ထမ်းတွေ ဘယ်လောက်ပုံမှန်လေ့လာလဲ၊ ဘယ်လောက်တိုးတက်လာလဲ၊ ဘာတွေလိုနေသေးလဲဆိုတာ သိရတယ်။ ဆုံးဖြတ်ချက်ချရင်လည်း တကယ့်ဒေတာကို အခြေခံနိုင်ပြီ။
လုပ်ငန်းလည်ပတ်ရေး အရာရှိချုပ်
Helioworks
ဈေးနှုန်းများ
ဝန်ထမ်းတစ်ယောက်အတွက် တစ်လ $9 ကစပါမယ်
ဝန်ထမ်း ဘယ်နှယောက်အတွက် စီစဉ်နေလဲ။
ဝန်ထမ်းအားလုံး ဆက်လေ့လာနိုင်ဖို့ အထူးလျှော့ဈေးနဲ့ စီစဉ်ပေးလိုက်ပါ။
တစ်ယောက်အတွက် တစ်လလျှင်
အုပ်စုလိုက်သင်တန်း တက်ရင် ကုန်ကျမယ့်ငွေ
ဆရာနဲ့ တစ်ဦးချင်းသင်ရင် ကုန်ကျမယ့်ငွေ
အတူတူ တွက်ကြည့်ရအောင်
သင်ယူမယ့်သူ 1,000 ကျော်ရင် ကုမ္ပဏီအလိုက် ဈေးနှုန်းသီးသန့် တွက်ပေးပါတယ်။ လူများလို့ရတဲ့ အထူးဈေးနှုန်းနဲ့ ငွေတောင်းခံလွှာနဲ့ ငွေချေဖို့လည်း စီစဉ်ပေးပါတယ်။ ဘယ်လောက်ကျမလဲဆိုတာ အရောင်းအဖွဲ့နဲ့ အတူတွက်ကြည့်ပါ။
အသုံးပြုပုံ ကြည့်ဖို့ ရက်ချိန်းယူမယ်
စာရင်းသွင်းကာလ
လေ့လာသူများ
ကိုယ့်အတွက် Tutoro အစီအစဉ်
အချိန်မရွေး ပယ်ဖျက်နိုင်တယ်
ဝန်ထမ်း ဘယ်နှယောက် သင်ယူကြမလဲ?
သက်သာတဲ့ လျှော့ဈေးတစ်မျိုးတည်းနဲ့ ဝန်ထမ်းအားလုံး ပျော်ပျော်ပါးပါး ဆက်လေ့လာနိုင်အောင် ပံ့ပိုးပေးလိုက်ပါ။
အမေးများတဲ့ မေးခွန်းတွေ
ကုမ္ပဏီအတွက် Tutoro ကို ဘယ်လို စသုံးရမလဲ။
ကုမ္ပဏီအကောင့်ဖွင့်၊ ဝန်ထမ်းအရေအတွက်ရွေးပြီး ဝန်ထမ်းတွေကို ဖိတ်ခေါ်လိုက်ပါ။ တစ်ယောက်ချင်းစီက ကိုယ့်အဆင့်၊ ကိုယ့်ရည်မှန်းချက်နဲ့ ကိုက်တဲ့ အင်္ဂလိပ်စာသင်ခန်းစာတွေကို လေ့လာရမယ်။ Tutoro ဘယ်လိုသုံးရလဲ အရင်ကြည့်ချင်လား။ လက်တွေ့ရှင်းပြပေးဖို့ အချိန်ချိန်းလိုက်ပါ။
ဘယ်လောက်ကျလဲ၊ ဘယ်လိုပေးချေရမလဲ။
Tutoro ကို ဝန်ထမ်းတစ်ယောက်အတွက် တစ်လ $9 ကနေ စသုံးနိုင်ပါတယ်။ အနည်းဆုံး ဝန်ထမ်း 5 ယောက်စာ ဝယ်ယူဖို့လိုပါတယ်။ ကတ်နဲ့ ငွေချေနိုင်သလို ကုမ္ပဏီစီမံခန့်ခွဲမှုစာမျက်နှာမှာ ငွေတောင်းခံလွှာကို အလိုအလျောက် ထုတ်ယူနိုင်ပါတယ်။
ဝယ်ထားတဲ့ အသုံးပြုခွင့်ကို တခြားဝန်ထမ်းတစ်ယောက်ဆီ ပြောင်းပေးလို့ရလား။
ရပါတယ်။ ဝန်ထမ်းတစ်ယောက် အလုပ်ထွက်သွားရင်ဖြစ်ဖြစ်၊ ဆက်သုံးဖို့ မလိုတော့ရင်ဖြစ်ဖြစ် သူ့အသုံးပြုခွင့်ကို နောက်တစ်ယောက်ဆီ လွှဲပေးနိုင်ပါတယ်။ လူပြောင်းတိုင်း အသစ်ထပ်ဝယ်စရာ မလိုတော့ဘူးပေါ့။
သင်ယူမယ့် ဝန်ထမ်းအရေအတွက်ကို အချိန်မရွေး တိုးလို့၊ လျှော့လို့ ရလား။
လိုအပ်သလို အသုံးပြုမယ့် ဝန်ထမ်းအရေအတွက် တိုးလို့လျှော့လို့ ရပါတယ်။ အနည်းဆုံး 5 ယောက်စာတော့ ထားရပါမယ်။ ကျသင့်ငွေ ဘယ်လိုပြောင်းမလဲဆိုတာက ကိုယ်ဝယ်ထားတဲ့ အစီအစဉ်ရဲ့ စည်းကမ်းချက်တွေအပေါ် မူတည်ပါတယ်။
Tutoro နဲ့ ဝန်ထမ်းတွေ ဘာတွေ သင်ယူရမလဲ။
အင်္ဂလိပ်စာလေ့လာဖို့ လိုတာအကုန် Tutoro မှာ ရှိပါတယ်။ AI ဆရာနဲ့ သင်ခန်းစာတွေ၊ အပြော၊ အကြား၊ အဖတ် လေ့ကျင့်ခန်းတွေ၊ ကိုယ်တိုင်ပါဝင်ဖြေဆိုရတဲ့ လေ့ကျင့်ခန်းတွေ အစုံပါပဲ။ အသံထွက်ကိုလည်း စစ်ပေးပြီး ဘာပြင်ရမလဲ ချက်ချင်းသိရတယ်။ ဒါတွေအားလုံးကို အက်ပ်တစ်ခုတည်းမှာ လုပ်နိုင်ပါတယ်။
Tutoro က ဝန်ထမ်းတစ်ယောက်ချင်းစီရဲ့ အင်္ဂလိပ်စာအဆင့်နဲ့ ကိုက်အောင် သင်ပေးလား။
ကိုက်ညီအောင် စီစဉ်ပေးပါတယ်။ ဝန်ထမ်းတစ်ယောက်ချင်းစီက ကိုယ့်အဆင့်နဲ့ ရည်မှန်းချက်အလိုက် လေ့လာရမယ်။ ဂိမ်းလို ပျော်စရာလေ့ကျင့်ခန်းတွေ ပါလို့ ဆက်လေ့လာချင်စိတ်လည်း ရှိနေမယ်။
ဝန်ထမ်းတွေ တစ်နေ့ကို ဘယ်လောက်အချိန်ပေးဖို့ လိုလဲ။
တစ်ခါလေ့လာဖို့ 15 မိနစ်လောက်ရှိရင်တောင် ရပါတယ်။ ဝန်ထမ်းတွေ ကိုယ်အားတဲ့အချိန် ဝင်လေ့လာရုံပါပဲ။ သတ်မှတ်ထားတဲ့ အတန်းချိန်မရှိသလို သင်ခန်းစာအတွက် ကြိုချိန်းဖို့လည်း မလိုပါဘူး။
ဝန်ထမ်းတွေ ဆက်သင်ချင်နေအောင် Tutoro က ဘယ်လိုကူညီပေးလဲ။
Tutoro မှာ တစ်ယောက်ချင်းစီနဲ့ ကိုက်ညီတဲ့ သင်ခန်းစာတွေ၊ ဂိမ်းပုံစံ လေ့ကျင့်ခန်းတွေ၊ ဆုလက်ဆောင်တွေနဲ့ ကိုယ်တိုင်ပါဝင်ပြီး လေ့ကျင့်ရတဲ့ အစီအစဉ်တွေ ရှိတယ်။ ဒါကြောင့် ဝန်ထမ်းတွေ နေ့တိုင်း သင်ယူချင်လာပြီး ပုံမှန်လေ့လာတဲ့ အလေ့အကျင့် ရလာတယ်။
ဝန်ထမ်းတစ်ယောက်ချင်းရဲ့ တိုးတက်မှုကို HR က ကြည့်နိုင်လား။
ရပါတယ်။ ကုမ္ပဏီရဲ့ ဒက်ရှ်ဘုတ်မှာ ဝန်ထမ်းတစ်ယောက်ချင်းစီ ဘယ်လောက် မကြာမကြာ လေ့လာဖြစ်လဲ၊ ဘယ်လောက် တိုးတက်လာလဲဆိုတာ ကြည့်နိုင်တယ်။ HR က ဝန်ထမ်းတွေရဲ့ ပါဝင်လေ့လာမှုနဲ့ တိုးတက်မှုကို အလွယ်တကူ စောင့်ကြည့်နိုင်ပါတယ်။
ဝန်ထမ်းတွေမှာ ကုမ္ပဏီအီးမေးလ် ရှိဖို့လိုလား။
မလိုပါဘူး။ ဖိတ်ခေါ်ကုဒ်က အီးမေးလ်လိပ်စာနဲ့ ချိတ်ထားတာမဟုတ်လို့ ကုဒ်ထည့်တဲ့သူက အသုံးပြုခွင့်ရမှာပါ။ ဝန်ထမ်းက ကိုယ်ပိုင်အကောင့်နဲ့ Tutoro သုံးနေပြီးသားဆိုရင်လည်း Streak၊ လိဂ်နဲ့ သိမ်းထားတဲ့ ဝေါဟာရတွေ အကုန်ဆက်ရှိနေမယ်။ ကုမ္ပဏီကပေးတဲ့ အသုံးပြုခွင့်ကို လက်ရှိအကောင့်မှာပဲ ထည့်လိုက်ရုံပါ။
စသုံးဖို့ ဝန်ထမ်း အနည်းဆုံး ဘယ်နှယောက်လိုလဲ။
ကုမ္ပဏီတွေအတွက် Tutoro ကို ဝန်ထမ်း 5 ယောက်ရှိရုံနဲ့ စသုံးလို့ရတယ်။ ဝန်ထမ်းနည်းတဲ့ ကုမ္ပဏီတွေရော တိုးချဲ့နေတဲ့ ကုမ္ပဏီတွေအတွက်ပါ အဆင်ပြေပါတယ်။
တကယ်တိုးတက်စေတဲ့ နေ့စဉ်အလေ့အကျင့်
ဝန်ထမ်းတွေကို ပိုထိရောက်တဲ့ အင်္ဂလိပ်စာ သင်ယူနည်း ပေးလိုက်ပါ။ တစ်ယောက်ချင်းစီနဲ့ ကိုက်ညီပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ သင်ခန်းစာတွေကို အလုပ်များတဲ့နေ့မှာတောင် အချိန်ပေးပြီး အလွယ်တကူ လေ့လာနိုင်တယ်။
စတင်မယ်
အသုံးပြုပုံ ကြည့်ဖို့ ရက်ချိန်းယူမယ်